Local News

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဆောင်းရာသီတိုင်ထောင်ပဲတောင့်ရှည်များ အထွက်နှုန်းကောင်း၍ မိသားစုအပိုဝင်ငွေရရှိ

Last Updated:

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နောင်လုံကွင်း၍ ဆောင်းရာသီတိုင်ထောင်ပဲသီးများ စတင်ထွက်ရှိနေပြီး ဈေးကောင်းလည်းရရှိသဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူတောင်သူများ နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရ သည်။ ဆောင်းသီးနှံတိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုးရန် ကုန်ကျစရိတ်အနေဖြင့် နှစ်သိန်းခန့်ရှိပြီး ပဲတောင့်ရှည်သီး မျိုးစေ့တစ်ဘူးလျှင် (၅၀၀၀၀) ကျပ်ပေးဝယ်ရကြောင်း၊ ပဲမျိုးစေ့မှ အပင်ငယ်လေးများ ပျိုးယူကာ အညွှန့်များတက်လာလျှင် တိုင်ထောင်ပေးရကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်ကြာလျှင် ပဲသီးများ စတင်ခူးဆွတ်ရပြီး နှစ်ရက်တစ်ကြိမ်ခူးလျှင် (၁၅) ပိဿာမှ ပိဿာ (၂၀) ထိ ခူးယူနိုင်ကြောင်း၊ ပဲတောင့်ရှည်သီး တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ထိရကာ နှစ်ရက်ခြား တစ်ခါ (၆၀၀၀၀) ကျပ်ထိ ရောင်းချနေရသဖြင့် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: https://www.doca.gov.mm

Category: Local News